Englishwww.jivitahospital.org








ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။

 

ပြည်ပမှ ဆေးရုံသုံးပစ္စည်းများလှူဒါန်းခြင်း


ထိုင်းနိုင်ငံမှဆရာတော် Supot Pamudhoနှင့်အဖွဲ့က ၁၁-၂-၂၀၁၂ တွင် ဆေးရုံကြီးသို့ ထိုင်း
ဘတ်ငွေ ၂၈၂၉၇၈၆ တန်ဖိုးရှိ မျက်စိခွဲစိတ်ရာတွင် အသုံးပြုသော Megatron Phaco Machine နှင့်
ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းရာ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မှ လက်ခံ
ရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

 

Australia နိုင်ငံ Rotary Club of Essendon မှ ဥက္ကဋ္ဌ Mr. Steve Roe နှင့် အဖွဲ့က ၈-၃-၂၀၁၂
နေ့တွင် ဆေးရုံကြီးသို့ အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန်ဖိုးရှိ ဆေးပစ္စည်းများ လာရောက်လှူဒါန်းရာ
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဦးမောင်မောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့
ပါသည်။

 

ရန်ကုန်မြို့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှ မျက်စိအတု တပ်ဆင်ပေးတော့မည်

လူတို့သည် မိမိ၏မျက်နှာကို မိမိအသက်ပြီးလျှင် ဒုတိယ တန်ဖိုးအရှိဆုံးဟူ၍ ခံယူထားကြသည်။
" (Man Value his face next to his life) " ထို့ကြောင့် ပုဂ္ဂိုလ်တစ်ဦးသည် ယင်း၏ မျက်နှာပေါ်ရှိ မျက်လုံးတစ်လုံး ထုတ်ပစ်လိုက်ရလျှင် ဥပဓိရုပ်ဆင်း ပျက်စီးယိုယွင်းခြင်းဖြစ်သဖြင့် ကြီးစွာသောခံစား
မှုဖြင့် ဆင်းရဲခြင်းများစွာ ဖြစ်တတ်သည်။

ရန်ကုန်မြို့၊ ဇီဝိတ ဒါန သံဃာ့ဆေးရုံကြီးသည် ဆေးရုံကြီး တည်ထောင်ခြင်း နှစ်(၇ဝ)ပြည့် အထိမ်း
အမှတ်အဖြစ် ယင်းကဲ့သို့သော ဒုက္ခဝေဒနာ ခံစားနေရသူများအား အလင်းရောင် မရရှိသော်လည်း မူလ အသွင်အဖြစ် အနေအထားရှိပြီး နဂို သဘာဝနီးပါး လှုပ်ရှားနိုင်သော မျက်လုံးအတုဖြင့် အစား
ထိုး တပ်ဆင်ပေးရန် (eye prosthesis) စီစဉ်လျက်ရှိရာ မကြာမီအတောအတွင်း အကောင်အထည်
ပေါ်လာတော့မည် ဖြစ်ပါသည်။ ယ္ခုကဲ့သို့ အစားထိုးပေးမည့် မျက်လုံးတုသည် ဇီဝိတဒါနသံဃာ့
ဆေးရုံကြီးတွင် ပုံစံယူ ပြုလုပ်မည် ဖြစ်ခြင်းကြောင့်၊ မျက်လုံးတစ်ဖက်နှင့် တစ်ဖက် အရွယ်အစား
အရောင်ကွဲပြားမှုမရှိပဲ တူညီနေမည် ဖြစ်ပါသည်။ ဆိုင်ရာပုဂ္ဂိုလ်သည် မျက်လုံးအတုပြုလုပ်ရန် ဆေးရုံ
ကြီးသို့ (၃)ကြိမ်မျှသာ လာရောက်ရမည် ဖြစ်ပြီး ပထမနေ့တွင် (၁ဝ)မိနစ်ခန့်၊ ဒုတိယနေ့တွင် (၁ဝ)
မိနစ်မှ (၃ဝ)မိနစ်ခန့်၊ တတိယနေ့တွင် (၅)မိနစ်ခန့်သာ အချိန်ယူပါမည်။

ယင်းအစီအစဉ်အရ ဦးစွာ သံဃာတော်နှင့် သီလရှင်များကို အခမဲ့ပေးလှူ ဆောင်ရွက်ပေးသွားမည်
ဖြစ်ပြီး နောက်ပိုင်းတွင်ဆေးရုံကြီး၏ မူလရည်ရွယ်ချက်နှင့်အညီ အများပြည်သူတို့ကို လူမျိုးမရွေး၊
ဘာသာ မရွေး၊ အဆင့်မရွေး အသက်သာဆုံးနှုန်းထားဖြင့် ပြုလုပ်ဆောင်ရွက်ပေးသွားရန် ရှိပါသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသို့ ပြည်တွင်း/ပြည်ပမှ လှူဒါန်းခြင်းသတင်း။

(၁) ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီသီရိဒုံ မင်းသမီး လှူဒါန်းမှု။


၂၀၁၀ ခုနှစ်၊ မတ်လ (၁၅)ရက်မှ (၁၇)ရက်
အထိ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်
ရှိခဲ့သော ထိုင်းဘုရင့်သမီးတော် မဟာချက်
ကရီသီရိဒုံ မင်းသမီးသည် ဇီဝိတဒါန သံဃာ့
ဆေးရုံကြီးသို့ အမေရိကန် ဒေါ်လာ (၆၀၂၄) လှူဒါန်းခဲ့ရာ ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့
ဥက္ကဠ ဦးမောင်မောင်မှလက်ခံရယူခဲ့ပါသည်။




(၂) သြစတြေးလျှနိုင်ငံ Essendon Rotary Club မှ ဥက္ကဌ Mrs. Anne Rogers ဦးဆောင်သော ကိုယ်စားလှယ်ဖွဲ့မှ လှူဒါန်းမှု။

၂၀၁၀ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင် သြစ
တြေးလျှနိုင်ငံ Essendon Rotary Club မှ ဥက္ကဌ Mrs. Anne Rogers ဦးဆောင်သော ကိုယ်စားလှယ်ဖွဲ့သည် အမေရိကန်ဒေါ်လာ
ငွေ (၂၂၀၀၀) ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်း
များကို ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့ လာ
ရောက်ပေးအပ်လှူဒါန်းသွားခဲ့ရာ ဆေးရုံကြီး အုပ်ချူပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်မောင်က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ ပါသည်။

(၃) ရွှေပြည်နန်းအလှကုန် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းမှ လှူဒါန်းမှု။

မြန်မာနိုင်ငံ ရွှေပြည်နန်းအလှကုန် ပစ္စည်း
ထုတ်လုပ်ရေးလုပ်ငန်းသည် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ဇီဝိတ ဒါန သံဃာ့ဆေးရုံကြီးသို့ ကျပ် (၁၇ ၀၀၀ ၀၀၀) သိန်းပေါင်းတစ်ရာ့ ခုနှစ်ဆယ်ကို လာရောက်လှူဒါန်းသွားခဲ့ပါသည်။

 



(၄) မြန်မာနှစ်ဆန်းတစ်ရက်နေ့ အလှူဒါန



ပြီးခဲ့သော၂၀၁၀ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့
သည်မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့်
အားလျှော်စွာ အလှူရှင်များသည် နံနက်
(၀၈း၀၀) နာရီမှ ညနေ(၁၇း၀၀)နာရီအထိ
ဆေးရုံကြီးသို့ လာရောက်၍ အားထက်
သရော လှူဒါန်းခဲ့ကြပါသည်။






(၅) ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏ နှစ် (၇၀)ပြည့်အထိမ်းအမှတ်ဂုဏ်ပြုပွဲ


ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကို ၁၉၄၀ ပြည့်နှစ်၊ မေလ (၈) ရက်စွဲတွင် စတင်တည်ထောင်ခဲ့ရာ နှစ် (၇၀)ပြည့်အထိမ်းအမှတ်ကို ၂၀၁၀ ခု၊ မေလ(၈) ရက်၌ ဆေးရုံကြီးတွင် ကျင်းပသွားရန်ရှိပါသည်။ ယင်းနေ့တွင်ပင် လုပ်အားဒါန အလှူရှင် စေတနာဆရာဝန်ကြီးများအား ဂုဏ်ပြုခြင်း၊ အထူးတာဝန်
ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်
ပေးအပ်ခြင်းများကိုလည်း ထည့်သွင်းကျင်းပသွားရန် ရှိပါသည်။


ထိုင်းအစိုးရနှင့် ထိုင်းတပ်မတော်တို့မှ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့ သွားဆေးကုသခန်းနှင့် သွားစိုက်ခုံများ လှူဒါန်းခြင်း။


မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှ သံအမတ်ကြီး H.E Mr.BansarnNunnagနှင့် စစ်သံမှူး ol.Ekachai Harnpoonvittaya သံရုံးအဖွဲ့
ဝင်များသည် ဇူလိုင်လ ၂၃ရက် နံနက် ၁၀
နာရီတွင် ဇီဝိတဒါန သံဃာ့ ဆေးရုံးကြီးသို့ လာရောက်ရာ ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့
ဥက္ကဌ ဦးမောင်မောင်နှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်
များက ကြိုဆိုကြသည်။

ရှေးဦးစွာ သံအမတ်ကြီးနှင့် အဖွဲ့သည် အတွင်းလူနာအဖြစ် တက်ရောက်နေသော သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းကြပြီး လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးတင်လှက ကြိုဆိုနှုတ်ခွန်းဆက်
စကား ပြောကြားသည်။

ဆက်လက်၍မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီးကထိုင်းအစိုးရနှင့်ထိုင်းတပ်မတော်တို့အနေဖြင့် လှူဒါန်းရခြင်း အကြောင်းကို ပြောကြားပြီး အမေရိကန်ဒေါ်လာ (၁၇၃၅၇) တန်ဖိုးရှိ သွားစိုက်ခုံနှင့် သွားဆေးကုသခန်း (၁)ခန်း၊ ဆွမ်းတစ်နေ့စာ ကျပ် (၃)သိန်း လှူဒါန်းရာ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်မောင်ကလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

ထို့နောက် ဆေးရုံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက ဂုဏ်ပြုလွှာများနှင့် အမှတ်တရ သစ်သီးခြင်း ပေးအပ်
သည်။

ထိုင်းသံအမတ်ကြီး၊ စစ်သံမှူးနှင့် အဖွဲ့ဝင်များသည် လှူဒါန်းထားသော သွားစိုက် ခုံများနှင့် သွား
ဆေးကုခန်းကို သွားရောက်ကြည့်ရှုပြီး ဆေးရုံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်
ခဲ့ပါသည်။

ငွေ/ပစ္စည်းများ အလှူခံရရှိမှုအခြေအနေ


ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအနေဖြင့် ပြည်သူ များ၏လှူဒါန်းသောငွေ၊ ပစ္စည်း၊ စေတနာ ဆရာဝန်ကြီးများ၏ ဆေးကုသမှုဆိုင်ရာလုပ် အား အလှူ၊အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ စီမံ ခန့်ခွဲမှုဆိုင်ရာလုပ်အားအလှူနှင့်ဝန်ထမ်းများ ၏စေတနာအပေါ်အခြေခံသောဝန်ဆောင်မှု များ အပေါ်တွင် ရပ်တည်လျက် ရှိပါသည်။



ဆေးရုံကြီး အလှူခံဌာနကို ပိတ်ရက်မရှိ ၊ နံနက် (၀၈း၀၀) နာရီ မှ ညနေ (၄း၃၀) နာရီ အထိ ဖွင့်လှစ်ထား ရှိပြီး ၊ ရုံးချိန်ပြင်ပတွင် တာဝန်မှူးများက လက်ခံပါသည်။ ငွေကျပ် ၁၀၀၀၀ိ/နှင့် အထက် အလှူရှင်များကို ဂုဏ်ပြုလွှာနှင့်အတူ လှူဒါန်းသည့် ဓါတ်ပုံကို ချက်ချင်း ရိုက်ပေးခြင်း၊ စားသောက်
ဖွယ်ရာများ ဖြင့်ဧည့်ခံခြင်း တာဝန်ရှိသူများက ဆေးရုံအကြောင်း သိကောင်းစရာများကို ရှင်းလင်း
ပြောကြားပါသည်။ အလှူရှင်များအနေဖြင့်လှူဒါန်းမှုအတွက်ရေစက်ချလိုပါကဘုရားခန်းတွင် နေ့စဉ်
ရှိနေသော သံဃာ တစ်ပါးက၊ ရေစက်ချ တရား ဟောကြားပေးပါသည်။

နေ့စဉ်ရရှိသော အလှူငွေနှင့်ပစ္စည်းများကို စနစ်တကျစာရင်းရေးသွင်းပြီး ငွေများကို ဘဏ်များတွင် စာရင်းရှင်ဖွင့်၍လည်းကောင်း၊ ငွေစုစာရင်းဖွင့်၍လည်းကောင်းထားရှိသည့်အပြင် အစိုးရငွေစုလက်မှတ် များကိုလည်း ၀ယ်ယူထားပါသည်။

ငွေစာရင်းများကို လက်မှတ်ရ ပြည်သူ့
စာရင်း ကိုင်အဖွဲ့က (၃)လ တစ်ကြိမ်
စစ်ဆေးပြီး၊ ပြက္ခဒိန်နှစ် ကုန်ဆုံးသည့်
အခါ နှစ်ပတ်လည်စာရင်းစစ်အစီရင်ခံ
စာနှင့်လက်ကျန် ရှင်းတမ်းများ ရေးဆွဲ
တင်ပြရပါသည်။

 

 


အုပ်ချုပ်ရေးအဖွဲ့ လစဉ် အစည်းအဝေးများတွင်လည်း ဘဏ္ဍာရေးမှူးက ငွေကြေးလည်ပတ်သုံးစွဲမှု
အခြေ အနေကိုတင်ပြအတည်ချက် ရယူရပါသည်။ ဤဆေးရုံကြီးကို ပြည်တွင်း အလှူရှင်များအပြင်
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့မြန်မာပြည်သို့ လာရောက်သည့်အခါတွင်လည်း
ကောင်း၊ မြန်မာပြည်ရှိဆွေမျိုးသားချင်းများမှ တစ်ဆင့်လည်းကောင်း လှူဒါန်းကြပါသည်။

ဗုဒ္ဓဘာသာနိုင်ငံများမှာ နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံရောက်ရှိစဉ် လာရောက်လှူဒါန်း
ကြပါသည်။ ထို့ပြင်အစိုးရမဟုတ်သော ပြည်ပလူမှုရေးအဖွဲ့အစည်းများကလည်း အခါအားလျော်စွာ
ငွေပစ္စည်းများလှူဒါန်းကြပါသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး
   
တည်နေရာ - ဗဟန်းမြို့နယ်၊ ကိုယ့်မင်းချင်းလမ်း၊ အမှတ်(၃၈)၊ ရန်ကုန်တိုင်း။
တယ်လီဖုန်း - ၉၅၁-၅၅၇၇၃၃၊ ၅၄၁၇၉၅၊ ၅၄၅၇၈၂
အီးမေး(လ်)အမှတ် - Jivitahospital@mptmail.net.mm
ဖက်စ် - ၉၅၁-၅၄၅၉၉၆

Hospital Background | Management committee | present lay-out of the hospital | medical treatment | Social Services | Donation | Contact| Hospital Activities
Copyright © 1940 - 2007 Jivitadana Sangha Hospital. All rights reserved.