Englishwww.jivitahospital.org








ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။

ဆေးရုံကြီးတွင်း လှုပ်ရှားမှုများ










ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏ နဝမအကြိမ်မြောက် ဝါတွင်း စုပေါင်းသွေးလှူဒါန်းပွဲ
ကျင်းပမည်

ဇီဝိတဒါန သံဃာ့ဆေးရုံကြီးတွင် နှစ်စဉ် ဝါတွင်း စုပေါင်း သွေးလှူဒါန်းပွဲများ ကျင်းပလာခဲ့ရာ ပထမ
အကြိမ်မှ အဋ္ဌမအကြိမ် အထိ သံဃာတော် (၁၉၃)ပါး၊ သီလရှင် (၁၄၄)ပါးနှင့် လူပုဂ္ဂိုလ် (၁၀၆၂)ဦး၊
စုစုပေါင်း (၁၃၉၉)ဦးတို့က သွေးလှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

ယခုနဝမအကြိမ် သွေးလှူဒါန်းပွဲကို၂၀၁၀ခုနှစ်၊ သြဂုတ်လ(၁၄)ရက်၊စနေနေ့)တွင် အဆိုပါဆေးရုံကြီး
၏အလှူတော်မင်္ဂလာခန်းမ၌ နံနက်(၈)နာရီမှစတင်ကျင်းပမည်ဖြစ်ပါ၍ သွေးလှူရှင်များသည် အဆိုပါ
ဆေးရုံကြီး၏

(က) ပြင်ပလူနာဌာန (သံဃာ)           ဖုန်း - ၇၃၀၀၆၄၄၆၊
(ခ) ပြင်ပလူနာဌာန (သီလရှင်)           ဖုန်း - ၅၄၂၇၀၆၊
(ဂ) ပြင်ပလူနာဌာန (လူ ပုဂ္ဂိုလ်)         ဖုန်း - ၅၅၂၅၄၂၊
(ဃ) ဆေးရုံအုပ်ကြီး                       ဖုန်း - ၅၅၈၄၃၄၊
(င) အုပ်ချုပ်ရေးမှူးရုံး                      ဖုန်း - ၅၄၁၇၉၅၊ ၅၄၅၇၈၂ တို့သို့
၂၀၁၀ခုနှစ်၊ သြဂုတ်လ ၁၂ရက် ညနေ(၄)နာရီ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးနိုင်ပါသည်။









ဇီဝိတဒါန သံဃာ့ဆေးရုံကြီးတွင် မျက်စိရောဂါ အထူးကုသပေးနိုင်ပြီ။

ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသည် သာမန်အားဖြင့် အထွေထွေ ရောဂါကုဆေးရုံကြီး ဖြစ်သော်လည်း စေတနာ ဆရာဝန်ကြီး (၁၀၀) ကျော်တွင် အထူးကု ဆရာဝန်(၉၀%) ကျော်ပါရှိရာ ယင်း အနက် မျက်စိရောဂါ အထူးကု ဆရာဝန် (၂၀) ဦးပါရှိပါသည်။

မျက်စိအထူးကု ပြင်ပလူနာဌာနကို အစိုးရ ရုံးပိတ်ရက်များမှအပ တနလာင်္နေ့မှ စနေနေ့များအထိ မျက်စိဝေဒနာရှင် သံဃာသီလရှင် လူပုဂ္ဂိုလ်အားလုံးကို စမ်းသပ်ကြည့်ရှု၍ ခွဲစိတ်ကုသရန်လိုအပ် သူများကို တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေနေ့များတွင် ခွဲစိတ်ပေးခြင်း မျက်ကပ်မှန် (IOL) တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးလျှက် ရှိပါသည်။

မျက်စိ ခွဲစိတ်ကုသပေးခြင်း

မျက်စိဝေဒနာရှင် သံဃာ သီလရှင်များအား အခမဲ့ ခွဲစိတ်ကုသ၍ မျက်ကပ်မှန်ပါ လှူဒါန်းပေးပါ သည်။ လူပုဂ္ဂိုလ်များကိုမူ ခွဲစိတ်ခ ကျပ် ၈,၀၀၀/- သတ်မှတ်ထားပြီး မျက်ကပ်မှန် (IOL) နှင့် အခြား လိုအပ်သော ပစ္စည်းများကိုမူ ကိုယ်တိုင်ဝယ်ယူကြရပါသည်။ ခွဲစိတ်ခနှင့် လိုအပ်ပစ္စည်းများအတွက် ကုန်ကျစရိတ် အပါအ၀င် ကျပ် ၄၀,၀၀၀/- မှ ကျပ် ၅၀,၀၀၀/- သာကုန်ကျပါသည်။ နယ်မှ လာ၍ ညအိပ် ဆေးရုံတက်ခွဲစိတ် ကုသခံသူများ အနေဖြင့် ဆေးရုံတက်သည့်စရိတ်ပေးရန် မလိုပါ။

ဆင်းရဲနွမ်းပါး လူပုဂ္ဂိုလ်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်း

လူပုဂ္ဂိုလ်များ အတွက် သတ်မှတ်ထားသည့် ခွဲစိတ်ခ ကျပ် ၈,၀၀၀/- ကုန်ကျခံနိုင်သည့် ၀င်ငွေမရှိ သူများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများ၏ ထောက်ခံချက်ဖြင့် လာရောက်ပါက မျက်စိအထူးကုဆရာဝန်များအဖွဲ့ကစစ်ဆေးပြီး (၅) ပေအတွင်း မမြင်ပါက အခမဲ့ ခွဲစိတ်ပေးသည့်ပြင် မျက်ကပ်မှန်အပါအ၀င် ကုန်ကျစရိတ်အားလုံးကို လှူဒါန်းလျက် ရှိပါသည်။ (၂၀၀၈)ခုနှစ် အတွင်း ဆင်းရဲနွမ်းပါးသူ လူပုဂ္ဂိုလ် (၇၃) ဦးအတွက် ခွဲစိတ် ကုန်ကျစရိတ် ကျပ် သိန်း(၂၀) ကျော် လှူဒါန်းခဲ့ပါသည်။

ကျွန်ုပ်တို့၏အင်တာနက်စာမျက်နှာ www.jivitahospital.org သို့ဝင်ရောက်ကြည့်ရှု၍ လှူဒါန်းနိုင်
ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

အုပ်ချူပ်ရေးအဖွဲ့
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး

 



ဇီဝိတဒါနသံဃာ့ဆေးရုံကြီး
   
တည်နေရာ - ဗဟန်းမြို့နယ်၊ ကိုယ့်မင်းချင်းလမ်း၊ အမှတ်(၃၈)၊ ရန်ကုန်တိုင်း။
တယ်လီဖုန်း - ၉၅၁-၅၅၇၇၃၃၊ ၅၄၁၇၉၅၊ ၅၄၅၇၈၂
အီးမေး(လ်)အမှတ် - Jivitahospital@mptmail.net.mm
ဖက်စ် - ၉၅၁-၅၄၅၉၉၆
ဝက်ဘ်ဆိုက် - http://www.jivitahospital.org

Hospital Background | Management committee | present lay-out of the hospital | medical treatment | Social Services | Donation | Contact| Hospital Activities
Copyright © 1940 - 2007 Jivitadana Sangha Hospital. All rights reserved.