
ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်
လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဇီဝိတဒါန သံဃာ့ဆေးရုံကြီးကို ဗြိတိသျှ
ကိုလိုနီ
လက်ထက်၊ ၁၉၄၀ပြည့်နှစ်၊
မေလ
(၈)ရက်နေ့တွင် ဆေးပေးခန်းကလေးမှစတင်ခဲ့ခြင်းဖြစ်ပါသည်။ယင်းကာလတွင်လူမျိုး
ဘာသာအလိုက်
အနောက်နိုင်ငံ ဆေးဝါးဖြင့် ကုသပေးသော ဟိန္ဒူရာမာခရစ်ရှာနာ
ကုသိုလ်ဖြစ်ဆေးရုံ၊ မူဆလင်ကုသိုလ်ဖြစ်
ဆေးခန်း၊
ခရစ်ယာန်သာသနာပြု ဆေးရုံ
စသည့်တို့ရှိနေခဲ့ရာအမျိုးသားရေးစိတ်ဓါတ်၊
လူမှုရေးစိတ်ဓါတ်ရှိပြီး၊
အမြော်အမြင် ကြီးမားသူ အငြိမ်းစား
အရေးပိုင် ဦးဘအေးသည်၊
မိမိနှင့် စိတ်တူ သဘောတူ ပုဂ္ဂိုလ်များနှင့် တိုင်ပင်ညှိနှိုင်းပြီး၊
ဗဟန်းကြားတောရလမ်းရှိ မိမိပိုင်ဇရပ်
မိမိပိုင် ဇရပ်အမှတ်(၇၃) တွင်၊
အနောက်နိုင်ငံ ဆေးဝါးနှင့်ကုသပေးသည့် ဇီဝိတဒါနဆေးခန်းကို စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
ဆေးပေးခန်းတည်ထောင်သူတို့၏ မူလရည်
ရွယ်ချက်မှာ"လူမျိုး မရွေး၊ ဘာသာ မရွေး၊ ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး၊
ကျားမ
မရွေး၊ လာလာသမျှ မကျန်းမာသူ ဂိလာန
ပုဂ္ဂိုလ်ဟူသမျှကို၊အခမဲ့စမ်းသပ်ဆေးဝါးကုသ ပေးကမ်း လှူဒါန်းရန်" ဖြစ်ပါသည်။
ဆေးခန်း
စတင်ဖွင့်လှစ်စဉ်ကပြည်သူများ၏ အလှူငွေ
များနှင့်ဆေးပညာရှင်များ၊စေတနာရှင်
ပုဂ္ဂိုလ်
များ၏ လုပ်အားဒါနအပေါ် အခြေပြုခဲ့ရာ၊
ရည်ရွယ်ချက် ကောင်းမွန်ခြင်း၊
စေတနာ
ကောင်းမွန်ခြင်း၊ ပြည်သူများ၏
အားပေးမှုကြောင့်၊
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ခေတ်
ကာလတွင်
လည်း တည်တံ့ခဲ့ပါသည်။
၁၉၄၈ခုနှစ်တွင် မူလဦးဆောင်သူ ဦးဘအေး ကွယ်လွန်ခဲ့ရာ၊ နောင်တွင်မြန်မာနိုင်ငံလွတ် လပ်ရေး ရရှိပြီး
နောက်
သမ္မတဖြစ်လာသူ
တရား လွှတ်တော်တရားဝန်ကြီး ဒေါက်တာ
ဘဦးက၊ ဇီဝိတဒါန ဆေးခန်းကို ဆက်လက် ဦးဆောင်ခဲ့ပြီး၊ ၁၉၅၂ ခုနှစ်တွင် လက်ရှိ
နေရာဖြစ်သော အမှတ်(၃၈)၊ ကိုယ့်မင်း ကိုယ့်ချင်း မြေနေရာ
အလှူငွေဖြင့် ၀ယ်ယူ
ခဲ့ပါသည်။
မြေကွက်နှင့်အတူပါလာသော အိမ်ဟောင်းကြီး ပေါ်တွင်
ကုတင်(၁၀)
ကုတင်ဖြင့်
ဆေးရုံငယ်အဖြစ်စတင်ခဲ့ပါသည်။
ဆေးရုံ အဆောက်အအုံဖြစ်ပေါ်လာစေရန် ကြိုးပမ်း ဆောင်
ရွက်ခဲ့ရာ
(၆.၁၂.၁၉၅၂)
ရက်နေ့တွင်
ဆေးရုံ သစ်ကြီးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ဇီဝိတဒါနဆေးရုံ ဖြစ်လာပြီးနောက်
လုပ်ငန်းဆောင်ရွက်မှုရှင်သန်ရေးမှာ
အလှူငွေပေါ်တွင် သာအား ထားရပါသည်။
၁၉၆၃ခုနှစ်တွင်
တော်လှန်ရေးကောင်စီအစိုးရ၊
ကျန်းမာရေးဝန်ကြီးဌာနက၊ ဆေးရုံ
ကြီးသို့ လာရောက် ကြည့်ရှု့ပြီး၊
တစ်နှစ်လျင်
ငွေကျပ် ၇၀၀၀၀ိ/-၊
ထောက်ပံ့ပေးခဲ့ပါသည်။
၁၉၆၉ ခုနှစ်တွင်
ထောက်ပံ့
ငွေရပ်ဆိုင်းသွားသဖြင့်
ငွေကြေးအခက်အခဲနှင့်
ကြုံခဲ့ရပြန်ပါသည်။
၁၉၇၂ ခုနှစ်တွင်
ဆေးရုံ အုပ်ချုပ်ရေး
အဖွဲ့အနေဖြင့် ကျောင်းထိုင်ဆရာတော်ကြီးများအဖွဲ့၏
သြ၀ါဒကိုခံယူ
ရာ၊
ဇီဝိတဒါန ဆေးရုံ ကိုအလှူငွေပိုမို
ရရှိစေရန်အတွက် ဇီဝိတဒါန
သံဃာ့ဆေးရုံအဖြစ်အမည် ပြောင်းရန်အကြံပြုသဖြင့် (၃၀.၃.၁၉၇၂) ရက် နေ့တွင်ဇီဝိတဒါနသံဃာ့ဆေးရုံ အမည်ပြောင်းလဲခဲ့ ပါသည်။
ဤသို့ဖြင့်
အလှူငွေများပိုမိုရရှိလာပြီး
အဆောက်အအုံသစ်များလည်း
တိုးတက် ဆောက်လုပ်ခဲ့ရာ
ကုတင် (၁၀၀)
ဆံ့ဆေးရုံကြီးအဆင့်သို့ရောက်ရှိလာခဲ့ပါသည်။
၁၉၈၆ ခုနှစ်တွင် သီလရှင်ဆေးရုံ တည်ဆောက်ရေးနှင့်
ပတ်သက်၍
သံဃမဟာနာယကအဖွဲ့မှ
သြ၀ါဒစရိယ ဆရာတော်ကြီးများကို
ပင့်ဖိတ်၍ သြ၀ါဒခံယူ
ခဲ့ရာ
ဥက္ကဌဆရာတော်
ပဲခူးမြို့မဆရာတော်ကြီး
အမှူးပြုသော
ဆရာတော် (၁၀)
ပါးကြွရောက်ခဲ့ပြီး ၀ိနည်း
တော်နှင့်အညီသံဃာ့ဆေးရုံနှင့်
အလှမ်း ကွာဝေးသည့်
နေရာတွင် သီလရှင်ဆေးရုံဆောက်လုပ်ရန် သြ၀ါဒ
ပေးခဲ့၍
၁၉၈၇ခုနှစ်၊
မတ်လတွင်
ပန္နက်ရိုက် မင်္ဂလာကျင်းပပြီး
၁၉၈၈
ခုနှစ်တွင်
(၃) ထပ်အဆောက်အအုံကို လည်းကောင်း၊
၁၉၉၄ခုနှစ်
တွင် (၄)ထပ် အဆောက်
အအုံကိုလည်းကောင်း
ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ယနေ့ဇီဝိတဒါသံဃာ့ဆေးရုံကြီးတွင်
သံဃာတော်အပါး
(၁၀၀) နှင့်၊
သီလရှင်အပါး
(၅၀)ကို အတွင်း လူနာ အဖြစ်လက်ခံကုသပေးနိုင်ငံသည့်အပြင်
သံဃာတော်၊
သီလရှင်၊ လူပုဂ္ဂိုလ်များအတွက်၊ ပြင်ပ လူနာဌာန (၃)ခု၊သံဃာ/အမျိုးသား၊သီလရှင်/အမျိုးသမီးတို့ကအတွက်
ခွဲစိတ်ခန်းကြီး
(၂) ခု၊ မျက်စိ
ခွဲစိတ်ခန်းကြီး
(၁) ခုနှင့်
နား/နှာခေါင်း၊
လည်ချောင်းအတွက်
ခွဲစိတ်ခန်းငယ်(၁) ခုဖွင့်လှစ်ထားရှိပါ
သည်။
|
||||||||||||