Englishwww.jivitahospital.org










ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။



သံဃာတော်နှင့်သီလရှင်များအားကုသိုလ်ဖြစ်ဆေးကုသပေးခြင်း


ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာသာမန်အား
ဖြင့်အထွေထွေရောဂါကုဆေးရုံကြီးသာဖြစ် ပြီး၊နာမကျန်းဖြစ်သောသံဃာတော်/သီလရှင် များကို ၀န်ထမ်းဆရာဝန် (၁၈)ဦး နှင့်ဆေး
ဝန်ထမ်းများကပြုစုစောင့်ရှောက်ကုသပေး
ပါသည်။

 


နာမကျန်းဖြစ်သောသံဃာတော်/သီလရှင်များသည် ဦးစွာ ပြင်ပလူနာဌာနတွင်ဆေးကုသမှု မှတ်တမ်း
စာအုပ်ထုတ်ယူ၍ဆရာဝန်များ၏ စမ်းသပ်ကုသမှုခံယူရပါသည်။

ဆေးရုံတက်ရန်မလိုအပ်သောလူနာများကိုဆရာဝန်များကရောဂါနှင့် ပတ်သက်သည့်ဆေးများကို
ရောဂါပျောက်ကင်းသည်အထိလှူဒါန်းပေးပါသည်။ဆေးရုံတက်ရန်လိုအပ်ပါက၊(၂) ၀ါပြည့်ပြီးသူများ
ကိုသာ တက်ခွင့်ပြုပါသည်။

ဤဆေးရုံတွင် ၀န်ထမ်းဆရာဝန်များအပြင် လုပ်အားပေးနေသော စေတနာဆရာဝန်ကြီး များ (၁၀၀) ကျော်ရှိပါသည်။ ပါမောက္ခများ။ အငြိမ်းစားပါမောက္ခများ၊ တပ်မတော်ဆေးရုံမှ အငြိမ်းစား ဆရာဝန် ကြီးများပါရှိရာ၊ယင်းတို့အနက်(၉၀) ရာခိုင်နှုန်းမှာ အထူးကုဆရာဝန်ကြီးများဖြစ်ကြ၍၊ အထူးကု(၁၈) အမျိုးကို သံဃာတော် / သီလရှင်များအား ကုသိုလ်ဖြစ် ကုသပေးလျက်ရှိရာ၊ ခွဲစိတ်ကုသ လူနာများ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွား၊ အရိုးအကြောအဆစ်၊ ဆီးလမ်းကြောင်း၊ အူလမ်းကြောင်း၊ နှလုံးရောဂါစသည့်အထူးကုလူနာများကိုပါလက်ခံကုသပေးနေရသောဆေးရုံကြီးအဖြစ် ရောက်ရှိနေ
ပါသည်။

ဆေးရုံတက်ခွင့်ရသော သံဃာ/သီလရှင်များ အတွက်၊ ကုတင်၊ မွေ့ယာ၊ ခြင်ထောင်၊ ခေါင်အုံး၊ စောင်၊ မျက်နှာသုတ်ပ၀ါ တို့ကို စီစဉ်ထားရှိ၍ နေရာထိုင်ခင်းအတွက် ပူပင် စရာမလိုဘဲ မိမိ ကျောင်းသင်္ခန်းကဲ့သို့ နေနိုင် ပါသည်။

ဆေးရုံတက်နေစဉ်ဆွမ်းချက်ရုံမှ အရုဏ်တွင် ယာဂု၊နံနက်ခင်းတွင်ကော်ဖီနှင့်မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ကြာဆံကြော်၊ နန်းကြီးစသည့် စားသောက်ဖွယ်များကိုအလှည့်ကျကပ်ပါသည်။

နေ့ဆွမ်းကို(၁၀း၃၀)နာရီတွင်ဂိလာနသံဃာတော်၊သီလရှင်များအားမိမိတို့ကုတင်ပေါ်တွင် စားပွဲခင်း၍
ဟင်း(၂)မျိုးနှင့် ကပ်ပါသည်။ နေ့ဆွမ်းပြီးပါက အချိုပွဲကပ်ပြီး ညနေပိုင်းတွင် ဖျော်ရည်ကပ်ပါသည်။ အလားတူပင်လူနာစောင့်သံဃာ၊ သီလရှင်များကိုလည်း ဆွမ်းစားခန်းမတွင် ကပ်သောကြောင့် ဆွမ်း ကွမ်းကိစ္စပြည့်စုံပါသည်။

ဆေးရုံတက်နေစဉ်ရောဂါနှင့်ပတ်သက်၍ လိုအပ်သည် ဆေးဝါးပစ္စည်းအားလုံးကို ဆေးရုံကလှူဒါန်းသ ဖြင့်သံဃာတော်၊သီလရှင်များ ငွေကြေးကုန်ကျခံရန်မလိုပါ၊ မျက်စေ့ခွဲလူနာများ အတွက် မျက်ကပ်မှန် (IOL)၊ သက်ကြီးရွယ်အိုလူနာများသွားစိုက်ခြင်း၊ အုံပုံထည့်ခြင်း၊ နားမကောင်းသူများအတွက်နားကြပ် စသည့် တို့ကိုပါလှူဒါန်းပါသည်။ ရောဂါအရအစိုးရဆေးရုံများသို့ လွဲပြောင်းပေးရပါက၊ ဤဆေးရုံမှ ပင်ပို့ပေးပြီး ဆင်းရဲနွမ်းပါးသော သံဃာ၊ သီလရှင်များအတွက် အစိုးရဆေးရုံတွင် လိုအပ်သော ဆေးတန်ဘိုးအများဆုံး ၅၀၀၀၀ိ/-ဘိုးအထိ လှူဒါန်းပါသည်။ ဤဆေးရုံတွင် ဆေးကုသခံပြီး ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းသည့် အချိန်တွင် ဒေသပြန်ရန် စရိတ်မရှိသည့် သံဃာ၊ သီလရှင် များကို ခရီးစရိတ် လှူဒါန်းပါသည်။ ဆေးရုံတွင်ပျံလွန်တော်မူပြီး သဂြိုလ်မည့်သူမရှိပါကဆေးရုံကပင် သဂြိုလ် ပေးပါသည်။ဇီဝိတဒါနသံဃာ့ဆေးရုံကြီး သည် သံဃာတော်များ သီလရှင်များ၏ ကျန်းမာရေးအတွက် အထူးအားထားရသော ဆေးရုံကြီးဖြစ်ပါသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး
   
တည်နေရာ - ဗဟန်းမြို့နယ်၊ ကိုယ့်မင်းချင်းလမ်း၊ အမှတ်(၃၈)၊ ရန်ကုန်တိုင်း။
တယ်လီဖုန်း - ၉၅၁-၅၅၇၇၃၃၊ ၅၄၁၇၉၅၊ ၅၄၅၇၈၂
အီးမေး(လ်)အမှတ် - Jivitahospital@mptmail.net.mm
ဖက်စ် - ၉၅၁-၅၄၅၉၉၆

Hospital Background | Management committee | present lay-out of the hospital | medical treatment | Social Services | Donation | Contact| Hospital Activities
Copyright © 1940 - 2007 Jivitadana Sangha Hospital. All rights reserved.