Englishwww.jivitahospital.org










ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။



ဆေးရုံကြီး၏လက်ရှိအခြေအနေ


လက်ရှိမြေ (၂.၂၁၂) ဧကပေါ်တွင်လှူဒါန်း
ငွေများဖြင့်ဆောက်လုပ်ထားသောအောက်ပါ ဆေးရုံ အဆောက်အအုံများ ရှိနေပါသည်။







(က)
သာဝတ္တိဆောင်
၆-၁၂-၁၉၅၂
(ခ)
ဇီဝကဆောင်
၂၈-၁-၁၉၈၆
(ဂ)
ဗာရာဏသီဆောင်
၂၅-၁-၁၉၈၇
(ဃ)
ရာဇဂြိုလ်ဆောင်
၂၅-၁၁-၁၉၉၀
(င)
သီလရှင်ဆေးရုံ
၃ - ထပ်ဆောင်
၂၇-၁၂-၁၉၈၈
၎ -ထပ်ဆောင်
၁၂-၁၁-၁၉၉၄
(စ)
ဝေဇယန္တာဆောင် (ရှစ်ထပ်)
၁၈-၂-၂၀၀၃
(ဆ)
ဇေတ၀န်ဆောင် (ခြောက်ထပ်)
၂၁-၁၂-၂၀၀၇


သံဃာတော်အဆောင်များ

အထက်ဖော်ပြပါ အဆောင်များအနက် သာဝတ္တိဆောင်၊ ဗာရာဏသီဆောင်၊ ရာဇဂြိုလ်ဆောင်များ တွင် အတွင်းလူနာသံဃာတော်များကို လည်းကောင်းထားရှိပြီး သီလရှင်ဆေးရုံတွင် သီလရှင်အတွင်း လူနာများ ထားရှိပါသည်။ ဇီဝကဆောင်မှာ သံဃာပြင်ပလူနာဆောင်ဖြစ်ပါသည်။ သီလရှင် ဆေးရုံ တွင် သီလရှင်များအတွက် ပြင်ပလူနာဌာနအပြင် ခွဲစိတ်ဆောင်ပါထားရှိ ပါသည်။

အထူးကု ပြင်ပလူနာဌာနများနှင့် ခွဲစိတ်ဆောင်များ

ဝေဇယန္တာဆောင်တွင် အထူးကုပြင်ပလူနာဌာနများ၊ ရောဂါရှာဖွေရေးဌာနများ၊ ဆေးပစ္စည်းသိုလှောင် ရုံနှင့် သံဃာတော်/အမျိုးသား လူနာများအတွက် အထွေထွေခွဲစိတ်မှု၊ ဆီးလမ်းကြောင်း ဆိုင်ရာ
ခွဲစိတ်ဆောင်၊ လူနာအားလုံးအတွက် မျက်စိခွဲစိတ်ဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ဆောင် များထားရှိပါသည်။

ဆောက်လုပ်ဆဲ (၆) ထပ်ဆေးရုံကြီးပြီးစီးပါက၊ လူပုဂ္ဂိုလ်များအတွက် ပြင်ပလူနာဌာန၊ မျက်စိအထူး ကု ပြင်ပလူနာဌာန၊ မျက်စိခွဲစိတ် သံဃာတော်များအတွက် သီးခြားလူနာဆောင်၊ ဆေးရုံသုံးစ္စည်း ကိရိယာများ သိုလှောင်ခန်း စသည့်တို့ရှိရန် စီစဉ်ထားပါသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး
   
တည်နေရာ - ဗဟန်းမြို့နယ်၊ ကိုယ့်မင်းချင်းလမ်း၊ အမှတ်(၃၈)၊ ရန်ကုန်တိုင်း။
တယ်လီဖုန်း - ၉၅၁-၅၅၇၇၃၃၊ ၅၄၁၇၉၅၊ ၅၄၅၇၈၂
အီးမေး(လ်)အမှတ် - Jivitahospital@mptmail.net.mm
ဖက်စ် - ၉၅၁-၅၄၅၉၉၆

Hospital Background | Management committee | present lay-out of the hospital | medical treatment | Social Services | Donation | Contact| Hospital Activities
Copyright © 1940 - 2007 Jivitadana Sangha Hospital. All rights reserved.