Englishwww.jivitahospital.org








ဇိဝိတဒါန သံဃာ့ဆေးရုံကြီး၏ ရည်ရွယ်ချက်

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။



လူပုဂ္ဂိုလ်များအားဆေးကုသပေးခြင်း


၁၉၄၀ ပြည့်နှစ်တွင် ဇီဝိတဒါနဆေးခန်း ကလေး ကို စတင်တည်ထောင်သူများ၏ မူလရည်ရွယ်ချက်အတိုင်း လာလာသမျှ မကျန်းမာသူ ဂိလာန အားလုံးကို အခမဲ့ စမ်းသပ်ကုသပေး ဆေးဝါး လှူဒါန်းရန် ဖြစ်သော်လည်း ၁၉၇၂ ခုနှစ်တွင် ဇီဝိတ ဒါနသံဃာ့ဆေးရုံဟုအမည် ပြောင်းလိုက် ပြီးနောက် သံဃာတော်များကိုသာ ဦးစီးပေး လက်ခံကုသခဲ့ရာ ယခုသာမန်ဖျားနားသော လူပုဂ္ဂိုလ်များကို အတွင်း လူနာအဖြစ်လက်ခံ ကုသပေးခြင်းမပြုဘဲ ခွဲစိတ်ကုသမှုခံယူသည့် လူဂ္ဂိုလ်များကိုသာ ဆေးရုံတက်ရာက်ခွင့် ပြုပါသည်။

သို့သော် လူပုဂ္ဂိုလ်များအတွက် ပြင်ပလူနာဌာန ဖွင့်လှစ်ပေးခဲ့ပြီး ရုံးဖွင့်ရက်များတွင် နံနက် (၈) နာရီ မှညနေ (၄)နာရီအထိ ၊ ဆရာဝန် (၄) ဦးက ၊ ဆင်းရဲချမ်းသာမရွေး ၊ ဘာသာမရွေး ၊ ကျား/မ မရွေး အခမဲ့စမ်းသပ်၍ သာမန်ရောဂါများအတွက် ဆေးကို ရောဂါပျောက်ကင်းသည်အထိ အခမဲ့ပေးလှူ လျက်ရှိပါသည်။ အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် လိုအပ်သောလူနာများအနေဖြင့် မိမိရောဂါ နှင့် သက်ဆိုင်သည့် အထူးကု ဆရာဝန်ကြီးများအား ပြသနိုင်ပါသည်။ အထူးကုဆရာဝန်ကြီးများ နှင့်ကုသခြင်း အတွက် ငွေပေးရန်မလိုဘဲ အထူးကုဆရာဝန်ကြီးများ ညွှန်းသည့်ဆေးကိုမူ မိမိဘာသာ ၀ယ်ယူရပါသည်။

အထူးကုဆရာဝန်ကြီးများ၏ ဆုံးဖြတ်ချက်
အရ ၊ ခွဲစိတ်ကုသရန် လိုအပ်သောလူနာများ အနေဖြင့် ဆေးရုံသို့ သတ်မှတ်ထားသော ခွဲစိတ်ခ လှူဒါန်း ရန်နှင့် ခွဲစိတ်ဆရာဝန်ကြီး
သို့ ခွဲစိတ်ခပေးရန် မလိုအပ်ပါ။ ခွဲစိတ်ခန်း အသုံးပြုခြင်း အတွက် လည်းကောင်း၊ လက် ထောက်ဆရာဝန်၊ သူနာပြု များအတွက် လည်းကောင်း ငွေကြေးပေးရန်မလိုဘဲ သတ် မှတ်ထားသော သာမန်ခွဲစိတ်ခကို ပေးလှူ
ကြရပါသည်။

အလားတူမျက်စိခွဲစိတ်လူ ပုဂ္ဂိုလ်များအနေဖြင့်လည်းသတ်မှတ်ထားသော အလွန်နည်းသည့် ခွဲစိတ်ခကိုပေးလှူကြရပါသည်။ သို့သော် ဆင်းရဲနွမ်းပါးသော လူပုဂ္ဂိုလ်များကို သက်ဆိုင်ရာ ကျေးရွာရပ်ကွက်၊ မြို့နယ်များမှ ၀င်ငွေမရှိ ဆင်းရဲသူဖြစ်ကြောင်း ထောက်ခံပါက အခမဲ့ ခွဲစိတ်ပေးသည့် အပြင် မျက်ကပ်မှန် ( IOL) ကိုလည်း လှူဒါန်းပါသည်။

ဤဆေးရုံကြီးမှ ဆရာဝန်များ၏ ညွှန်ကြားချက်အရ လူပုဂ္ဂိုလ်များ ဓါတ်မှန်ရိုက်ခြင်း၊ အာ(လ)ထရာ ဆောင်း ရိုက်ခြင်း၊ ဆီး / သွေး / ၀မ်းစစ်ခြင်း၊ အူလမ်းကြောင်းကြည့်ခြင်း၊ ဆီးလမ်းကြောင်းကြည့်ခြင်း စသည့်ရောဂါ ရှာဖွေစမ်းသပ်ခြင်းများကို သတ်မှတ်ထားသော အလှူငွေပေး၍ ပြုလုပ်နိုင်ကြပါသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး
   
တည်နေရာ - ဗဟန်းမြို့နယ်၊ ကိုယ့်မင်းချင်းလမ်း၊ အမှတ်(၃၈)၊ ရန်ကုန်တိုင်း။
တယ်လီဖုန်း - ၉၅၁-၅၅၇၇၃၃၊ ၅၄၁၇၉၅၊ ၅၄၅၇၈၂
အီးမေး(လ်)အမှတ် - Jivitahospital@mptmail.net.mm
ဖက်စ် - ၉၅၁-၅၄၅၉၉၆

Hospital Background | Management committee | present lay-out of the hospital | medical treatment | Social Services | Donation | Contact| Hospital Activities
Copyright © 1940 - 2007 Jivitadana Sangha Hospital. All rights reserved.